ပန်ဆိုင်း (ကြူကုတ်) မြို့ အ.မ.က (၂) ကျောင်းတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်၊ စာစောင်ပြပွဲများပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို အ.မ.က(၂)ကျောင်းတွင် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ရုံးတွင်းဝန်ထမ်း (၄) ဦးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ထန်းတပင်မြို့နယ်တွင်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အေးရွာလေးကျေးရွာ မူလတန်းလွန် အခြေခံပညာကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

လှိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြပွဲများကို လှိုင်မြို့နယ် အ.ထ.က-၁​ကျောင်းတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမူရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင် ၏ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် လူမှု၀န်ထမ်းဦးစီးဌာန၏ ပထမသုံးလပတ်ရန်ပုံငွေဖြင့် မိုးမောက်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ရန်ပုံငွေ တစ်ဦးလျှင်ကျပ် ၃၀၀၀ဝိ/-ကျပ်စီကို ယမန်နေ့တွင် အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။    

ဒဂုံမြို့နယ်အတွင်းရှိ ဓမ္မာရုံများတွင် အာဇာနည်​နေ့အတွက် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ အာဇာနည်လမ်းရှိ ပြည်တွင်းအခွန်ဓမ္မာရုံ၊ ပခုက္ကူဓမ္မာရုံ၊ မြိုင်ကြီးငူဓမ္မာရုံနှင့် မင်္ဂလာဗျူဟာဓမ္မာရုံတို့တွင် ဒဂုံမြို့နယ်စည်ပင်သာယာမှ ကျန်းမာရေးတာဝန်ခံနှင့် ဝန်ထမ်းများပါဝင်သောအဖွဲ့မှ ခြင်အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇း၀၀ နာရီခန့် အချိန်က ပြုလုပ်ခဲ့သည်။
Subscribe to