ကော့သောင်းမြို့တွင် လေကာတန်းအုန်းပင်စိုက်ပျိုးပွဲတော်ပြုလုပ်

ကော့သောင်း ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုတစ်ရပ်အနေဖြင့် လေကာတန်းအုန်းပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်ခန့်က သီရိမြိုင်ရပ်ကွက်၊ (၃)မိုင် ပြည်သူ့ရင်ပြင်တွင်ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့   တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စစ်ဗျုဟာမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူများက ကော့သောင်းမြို့အတွင်း သဘာဝဘေးကြုံတွေ့ နိုင်သည့်နေရာဖြစ်သည့် (၃)မိုင် ပြည်သူ့ရင်ပြင်တွင်  လေကာတန်းအဖြစ် အုန်းပင်ပေါက် အပင်(၁၀၀)အား   သတ်မှတ်ထားသည့်နေရာများတွင်    စနစ်တကျ  စုပေါင်းစိုက်ပျိုးခဲ့ကြပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်အဖွဲ့မှ အုန်းပင်များစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု လမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)