တောင်ကြီး ဇူလိုင် ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ခင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို ဟောပြောသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက အာဇာနည်နေ့နောက်ခံသမိုင်းနှင့် အာဇာနည်ခေါင်းဆောင် ၉ ဦး၏ အတ္ထုပ္ပတ္တိအကျဉ်းများကို ထည့်သွင်း ဖော်ပြထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
ဇော်နိုင်လင်း