မော်လမြိုင်မြို့နယ်၌(၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်း၍(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ကျင်းပ ပြုလုပ်သည်။