ရေဦးမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရေဦး ဇူလိုင် ၁၇

ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် (၇၆)နှစ်‌မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အင်ကြင်းဆောင် ပထမ ထပ်တွင် ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အတူ ပြိုင်ပွဲစည်းကမ်း ချက်များနှင့် စာစီစာကုံး ခေါင်းစဉ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

စာစီစာကုံးပြိုင်ပွဲသို့ အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့မှ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း၊  ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုနှစ်ဆုတို့ကို‌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၃ ခုနှစ် ဇူလိုင်(၁၉)ရက် အာဇာနည်နေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်း (ရေဦး)