နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မရမ်းခုံကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကွင်းအမှတ်(၁၈၉၃)၌ ကျင်းပခဲ့သည်။

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြည်လည်ကုစားရေး ဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်စေရေးတွက် အထူးအလေးထားရည်ရွယ်ကာ အဆိုးရွားဆုံးက‌လေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြည်လည်ကုစားရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း အုတ်တွင်းမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ကွင်းဆင်းကြည့်ရှုပြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး (MSME) လုပ်ငန်းရှင်များအားတွေ့ဆုံ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်သည့် တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများသည် အုတ်တွင်းမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းပျိုးထောင်ထားရှိမှု၊ စိုက်ပျိုးနေမှုနှင့်(MSME)စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မန်တုံမြို့ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူကျောင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌမှ မန်တုံမြို့ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူကျောင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မန်တုံမြို့အထက်တန်းကျောင်း ရွှေလီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့၊ (အ.ထ.က)ကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာနှင့် စာပေပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် စာပေပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်း ၁ နာရီအချိန်က အဆိုပါ‌ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်  စာအုပ်စာ‌စောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်(၁၇)ရက် နေ့လယ် ၁ နာရီက  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ကျိုက်ထိုမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဘ၀နေတတ်မှုအနုပညာ စာအုပ်မှ စာရေးဆရာ မောင်ကျေးဇူး၏ “ပညာရေးပျိုးထောင်မှုအနုပညာ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 မန်တုံမြို့နယ်၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့က မန်တုံမြို့ တရုတ်ယဉ်ကျေးမှုခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဘီးလင်းမြို့နယ် ရုံးလူထုအခြေပြုဗဟိုဌာနတွင် “အားနေသောလက်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး( Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာအောင်သင်းရေးသားသည့် “အားနေသောလက်များ“ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
Subscribe to