ကျိုက်ထို ဇူလိုင် ၁၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်(၁၇)ရက် နေ့လယ် ၁ နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ကျိုက်ထိုမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကျောင်းသား ကျောင်းသူများအား အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် အားလပ်ချိန်တွင် ကျောင်းစာသာမက ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဆွေးနွေးပြောကြားပြီး အာဇာနည်နေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲများပြုလုပ်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ ဆက်)