မန်တုံ ဇူလိုင် ၁၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့က မန်တုံမြို့ တရုတ်ယဉ်ကျေးမှုခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ တာသိန်းဇော်က မန်တုံမြို့တွင် စီးဆင်းလျက်ရှိသော နမ့်ကုန်ချောင်းမှာ မိုးတွင်းကာလအတွင်း နှစ်စဉ်ရေးကြီး ရေလျှံမှုများ ကြုံတွေ့နေသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်သရိုက်များ စနစ်တကျထားရှိရေး မိဘပြည်သူများမှ ဝိုင်းဝန်းဆောင်ရွက်ပေးရန်အချက်များ၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကိစ္စရပ်များအား တက်ရောက်လာသော ဒေသခံပြည်သူများ၊ ရပ်မိ/ရပ်ဖများ ဆွေးနွေးတင်ပြခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများမှ ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)