မန်တုံမြို့နယ်၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မန်တုံမြို့ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူကျောင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

မန်တုံ ဇူလိုင် ၁၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မန်တုံမြို့ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူကျောင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က  မန်တုံမြို့ အထက်တန်းကျောင်း ရွှေလီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထက်တန်း ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းဖွင့်လှစ်ထား ရှိမှုအခြေအနေများ၊ ကျောင်းကျန်းမာရေးဆောင်ရွက်ထားရှိမှု အခြေအနေများအားဦးစွာ ရှင်းလင်းတင်ပြပြီး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူကျောင်းမှ ဆရာ/ဆရာမများမှ ကျောင်းဖွင့်လှစ်ဆောင်ရွက်မှုများ၊ ကျောင်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အထက်တန်းကျောင်း၌ စာသင်ကြားနေမှု အခြေအနေများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူကျောင်းဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ကျောင်းလိုအပ်ချက်များအား လိုက်လံကြည့်ရှု၍ လိုအပ်ချက်များကို ကျောင်းအကျိုးတော်ဆောင် ကော်မတီများနှင့်သက်ဆိုင်ရာ  ကျောင်းအုပ်များအား မှာကြားခဲ့ကြောင်းနှင့် မန်တုံမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူကျောင်း၌ ကျောင်းသား/ကျောင်းသူ (၈၀)ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မန်တုံ ပြန်/ဆက်