ခိုလမ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် စာပေပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်း ၁ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ မူလတန်းအဆင့်တွင် "တို့များ မမေ့နိုင် ၁၉ ဂျူလိုင်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် "မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်တွင် "လေးမြတ်ဂုဏ်ရည်အာဇာနည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲ အထက်တန်းအဆင့်တွင် “သမိုင်းမော်ကွန်းတည် ကိုးဦးဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေပြိုင်ပွဲ အလယ်တန်းအဆင့်တွင် " အာဇာနည်မြတ် မမေ့အပ်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)