အုတ်တွင်း ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်သည့် တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများသည် အုတ်တွင်းမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းပျိုးထောင်ထားရှိမှု၊ စိုက်ပျိုးနေမှုနှင့်(MSME)စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် အုတ်တွင်းမြို့နယ်ဥယျာဉ်တော်ကျေးရွာအုပ်စု ဥယျာဥ်တော်ကျေးရွာရှိ တောင်သူဦးညွန့်ဝေ၏လယ်မြေ(၁၀)ဧကတွင် မိုးစပါးဆင်းသုခကိုကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်ပျိုးထောင်ထားရှိမှုနှင့် ကောက်စိုက်တောင်သူများဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အတွင်းမိုးစပါးစိုက်ပျိုးဧက (၈၉၁၀၀)အား အချိန်မီရာနှုန်းပြည့်စိုက်ပျိုးပြီးစီးနိုင်ရေးလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ကြက်သွန်ခင်း(၂)ရပ်ကွက်ရှိ ကြယ်နီဆန်စက်ကြိတ်ခွဲနေမှု၊ အခြောက်ခံစက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး (MSME)စီမံကိန်းဖြင့်ဆောင်ရွက်သော အာလူးကြော်ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ အားပေးခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)