သာပေါင်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် ထန်းဇင်လှကြို့ကုန်း ကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က ထန်းဇင်လှကြို့ကုန်းကျေးရွာ၊ လောကမုနိ ဘုန်းကြီးကျောင်း၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ၊ ဦးမင်းဧရာထိုက်မှ ထန်းဇင်လှကြို့ကုန်း ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူ (၁၁၄)ဦးတို့နှင့် တွေ့ဆုံ၍ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးရေး၊ မျိုးပြောင်းလဲရေး၊ ဓာတ်မြေသြဇာ အချိုးကျ စံကိုက်သုံးစွဲရေး၊ သဘာဝမြေသြဇာသုံးစွဲရေး၊ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး၊ ခြံလှောင်စနစ်မွေးမြူရေး၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပေးပြောကြား စစ်ဆေးဆောင်ရွက်ရေး၊ စိုက်ဘဏ်ချေးငွေ ကြွေးကျန် တောင်သူများအား ကြွေးပြေကျေပေးဆပ်နိုင်ရေးနှင့် စိုက်ပျိုးရေးကိစ္စရပ်များ ဆွေးနွေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်