ရသေ့တောင် ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲပြုလုပ်ရာတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင်ကျောင်းသားကျောင်းသူ ၃ ဦးနှင့် အထက်တန်း၊ အလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၉ ဦး တို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၃ ဦးနှင့် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၂၁ ဦးနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၂၂ ဦး တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ရသေ့တောင် (ပြန်/ဆက်)