မော်လမြိုင်မြို့နယ်၌ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကဗျာရွှတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်

မော်လမြိုင် ဇူလိုင် ၁၈

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနတို့ ပူးပေါင်း၍(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကဗျာရွှတ်ဆိုပြိုင်ပွဲကို​ ဇူလိုင် ၁၈ရက် နေ့လည်ပိုင်းက မော်လမြိုင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community centerခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ အမှတ်၆ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ကြီးဒေါ်ချောကလျာလင်းက လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို ဆွေးနွေးပြောကြားကာ အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ကဗျာရွှတ်ဆိုပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာပေများကို ကျောင်းသား၊ ကျောင်းသူလေးများက   စိတ်ပါဝင်စားစွာ ဖတ်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)