အိမ်မဲမြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဥာဏ်ရည်မြှင့် ပြိုင်ပွဲများ ကျင်းပ

အိမ်မဲ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဥာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ()နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး()ဦး အကြောင်းတို့ကို အကျယ်တဝင့်ဟောပြောပေးခဲ့ရာ .မ.က မြို့မ- ကျောင်းသား ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြသည်။

ဆက်လက်ပြီး  (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဥာဏ်ရည်မြှင့်ပြိုင်ပွဲများ ဖြစ်သော ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီဆေးရောင်ခြယ် ပြိုင်ပွဲများကို ကျင်းပရာ .မ.က မြို့မ- ကျောင်းမှ ကျောင်သားကျောင်းသူများက ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူလေးများကို မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ပြသထားရှိရာ အခမ်းအနား တက်ရောက်လာသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့သည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)