ဂွမြို့နယ်တွင် မိုးရာသီ အခြေခံတိုက်ကွမ်ဒိုသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဂွ ဇူလိုင် ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက  မိုးရာသီအခြေခံ တိုက်ကွမ်ဒိုသင်တန်းကို ရဟိုင်ကွင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းမှ မူလတန်းနှင့် အလယ်တန်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဇူလိုင်လ ၁၄ရက်နေ့မှ စတင်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်​ခဲ့ခြင်းဖြစ်ကြောင်းနှင့် အခြေခံတိုက်ကွမ်ဒို သင်တန်းအား ဇူလိုင်လ ၁၄ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းလွင်ထံမှ သိရသည်။

ရွှေရည် ဝင်းကျော်