ကျောက်တံတားမြို့နယ် အ.ထ.က (၁) တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်/စာအုပ်ပြပွဲ ကျင်းပ

ကျောက်တံတား ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကျောင်းသား/သူများ အာဇာနည်နေ့အကြောင်းသိကောင်းစရာများ သိရှိစေရန်ရည်ရွယ်၍ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်/စာအုပ်ပြပွဲများကို ယနေ့နံနက် (၁၁)နာရီအချိန်က ကျောက်တံတားမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပြုလုပ်ခဲ့သည်၊၊

ဟောပြောပွဲအခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်း၊ အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးနှင့် အာဇာနည်စိတ်ဓာတ် စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ယင်းနောက် အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများပါဝင်သည့် နံရံကပ် စာစောင်များပြသခြင်း၊ စာဖတ်ရှိန်မြင့်မားရေး စာအုပ်၊ စာပေနှင့် ကျောင်းသား/ကျောင်းသူများ နီးစပ်စေမည့်စာအုပ်ပြပွဲ ပြသခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းသားလူငယ်များမှ စိတ်ဝင်တစား လေ့လာ ကြည့်ခဲ့ကြကြောင်း သိရသည်၊၊

မောင်အေးချမ်း