ကန်ကြီးထောင့် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကာယာဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ နှင့် နံရံကပ်ပြပွဲများကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၃) ရပ်ကွက်၊ အ.မ.က(မြို့သစ်)၊ ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုအသီးသီးရရှိသော ကျောင်းသား၊ ကျောင်းသူလေး များကို ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။
ဆက်လက်၍ အာဇာနည်နေ့နှင့် ပတ်သက်သော အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများ သိရှိရန်နှင့် ဗဟုသုတရရှိစေရန်အတွက် စာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်ပြပွဲများကို ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ဇင် (ပြန်/ဆက်)