စဉ့်ကိုင် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်စန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးများ၊ ကလေးငယ်များလုပ်သော အလုပ်နှင့်ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့် အလုပ်များအကြောင်း၊ ကလေးငယ်များအတွက် အန္တရာယ်ရှိနိုင်သည့် လုပ်ငန်းခွင်များနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့် အလုပ်များ၊ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုအကြောင်များကို ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ကလေးသူငယ် အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ထားသည့် နည်းလမ်းများ၊ ဥပဒေများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ကျော့မူယာမောင်