လပွတ္တာမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် ကွင်းဆင်းဆောင်ရွက်

လပွတ္တာ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ယနေ့ နံနက်(၉)နာရီအချိန်က (၄)မိုင်မြို့ အဝင်ဂိတ်၌ မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်း လိုက်နာကြစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြ သည်။

အဆိုပါ ကွင်းဆင်းစစ်ရေးရာတွင် (၃)မိုင်မြို့ အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဦးလင်းလင်း ဦးဆောင်၍ အမှတ် (၈၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် ကျော်ဆန်းနှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မောင်တော်ယာဉ်များတွင် ဖောင်းကြွနံပတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်ထားမှု ရှိ/မရှိများကို စစ်ဆေးခြင်း၊ အသက်ကယ် ထိုင်ခုံခါးပတ်များအား မော်တော်ယာဉ်မောင်းများ တပ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိများကို စစ်ဆေးခြင်း၊ မော်တော်ယာဉ် မောင်းများ ယာဉ်မောင်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် မော်တော်ယာဉ်လိုင်စင်များကို သက်တမ်းတိုးမြှင့်ထားမှု ရှိ/မရှိများအား စစ်ဆေးခဲ့ကာ တိုးမြှင့်ထားမှု မရှိပါက ဆက်လက် တိုးမြှင့်ကြရန် မေတ္တာရပ်ခံအသိပေး ပြောကြားခဲ့သည်။ ထို့အပြင် မော်တော်ယာဉ်များတွင် လိုက်ပါစီးနှင်းသူများ၏ အသက်အန္တရာယ်သည် ယာဉ်မောင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ မောင်းနှင်သွားကြရန်အတွက် ယာဉ်မောင်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)