တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲပြုလုပ်

တောင်ကုတ်  ဇူလိုင် ၂၄

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီခွဲအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (ဝက်ကျိတ်)၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက လူငယ်နှင့်အနာဂတ်ပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်အေးနန္ဒာကျော်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှမြို့နယ်ဆေးခန်းမှူး ဒေါ်ဝင်းဝင်းမြိုင်က မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းကိုလည်းကောာင်း ဟောပြောပြီးနောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြက်တောင်အာကစား ပစ္စည်များကိုပေးအပ် လှူဒါန်း ရာ ကျောင်းအုပ်ဆရာကြီး ဦးအုန်းမောင် ကလက်ခံရယူသည်။  

အဆိုပါအခမ်းအနားသို့ အခြေခံပညာအမူလတန်းလွန်ကျောင်း(ဝက်ကျိတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးအုန်းမောင်နှင့် ဆရာမများ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)