ပုသိမ် ဇူလိုင် ၂၄
ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့ နေ့လယ်ပိုင်းက ပုသိမ်ခရိုင်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦးက လူငယ်များအား ထူးချွန် ထက်မြက် သည့် အားကစားသမားများ ပေါ်ထွန်းလာရေးအတွက် လေ့ကျင့်ဆောင်ရွက်ပေးနေမှုများ၊ အားကစားပြုလုပ် ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြင့်ဟန်(ပြန်/ဆက်)