မင်းလှမြို့ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

အထက်မင်းလှ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံး‌သောဘဝကိုတည်ဆောက်ခြင်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်ဇာဇာငြိမ်းကစာဖတ်ဝိုင်းဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုခြင်းကြောင့် အသိပညာ ဗဟုသုတများတိုးပွားစေခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိလာပြီး တစ်ဦး နှင့်တစ်ဦးအတွေးခေါ် အယူအဆများကို ဖလှယ်နှီးနှောနိုင်စေခြင်းနှင့် စာဖတ်သည့် အလေ့အကျင့်‌ကောင်းများရရှိ‌ စေရန်စသည့်ဖြင့်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ( Book club) ဥက္ကဋ္ဌ ဦးတင်အောင်ဝင်း (ရဲသွေးနီ-တမာမြေ)က အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့်အမြင်များ၊ ဦးခင်မောင်မြင့် (တာတူးလေး)၊ လင်းကယ်-စင်ကြယ်)တို့က လူငယ်နှင့်တာဝန်သိမှု၊ဦးရဲထွန်း(ဒီရဲဝေ)က လူမျိုးမြင့်ဖို့စာဖတ်စို့၊  ဦးဝင်းလှိုင်     (တက်လူ-မလွန်) ကလူငယ်နှင့် ဒဿနစသည့် လူယ်နှင့် အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း စာအုပ်တွင်ပါရှိသော စာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းဆွေးနွေးပွဲတက်ရောက်လာကြသည့်သူများက မိမိတို့ ၏ စာ‌ပေအမြင်များကို နှီးနှောဖလှယ်၍အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇာဇာ(ပြန်/ဆက်)