တွံတေးမြို့နယ်၌ သောက်သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား ရေလှူဒါန်းဆောင်ရွက်

တွံတေး ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပါင်း၍ ရှမ်းစုကြီးကျေးရွာ သောက်သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား ရေသွားရောက်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က အဆိုပါကျေးရွာ၌ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၊ ရှမ်းစုကျေးရွာရှိ သောက်သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်ဇော်နှင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်စိုးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅)ဦးတို့က Dong Feng မီးသတ်ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ရေလှူဒါန်း‌ပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး