ကိုကိုးကျွန်းမြို့နယ်တွင် ဝန်ထမ်းစာဖတ်ဝိုင်း ပြုလုပ်

ကိုကိုးကျွန်း ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ()နာရီအချိန်၌ ဝန်ထမ်းစာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ဝန်ထမ်းစာဖတ်ဝိုင်း ပုံမှန်ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်နိုင်ရည်မြင့်မားလာစေရန်နှင့် မိမိဌာနလုပ်ငန်းများကို ကျွမ်းကျင်တတ်မြောက်စေရန် ပြုလုပ်နေခြင်းဖြစ်ကြောင်း မိမိတို့ဌာနသည် ပြည်သူကိုဗဟိုပြု၍ အဓိကလုပ်ဆောင်နေရသော ဌာနဖြစ်ပြီး ပြည်သူနှင့်အများဆုံး ထိတွေ့ဆက်ဆံနေရသောကြောင့် ပြည်သူကအားကိုးရသော အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများဖြစ်နေစေရန်လိုကြောင်း ထို့ကြောင့် ယခုလို ဝန်ထမ်းစာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍စာဖတ်ဝိုင်းတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ပါ အခန်း()မှ အရည်အချင်းစစ်ဆေးခြင်းခေါင်းစဉ်ဖြင့် မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ စတင်ဆွေးနွေးရာ နိုင်ငံ့ဝန်ထမ်းများသည် ဝန်ထမ်း၏အရည်အချင်းကို စစ်ဆေးရာ၌ တိုးမြှင့်ခန့်ထားမည့် ရာထူးအဆင့်၏ လုပ်ငန်းသဘာဝနှင့် လျော်ညီသည့်နည်းလမ်းများကို အသုံးပြုရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တတ်ရောက်လာသည့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ပါ ဝန်ထမ်းများလိုက်နာ ကျင့်သုံးရမည့် အခြားခေါင်းစဉ်များကိုပါ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)