ကျောက်တံခါးမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကျောက်တံခါး ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်နှင့် ဗဟိုမဏ္ဍပ်အား ဦးစံကျော်လမ်းနှင့် အ-ထ-က(ကျောက်တံခါး)ရှေ့လမ်းတို့တွင် ဆောင်ရွက်မည့်အစီအစဉ်များအား ပြောကြားပြီး လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့် အစီအစဉ်များအား ကော်မတီတစ်ခုချင်းစီမှ ဆွေးနွေးကြခဲ့သည်။

ဆက်လက်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးအစီအစဉ် ဆောင်ရွက်မှုများနှင့် စတုဒိသာကျွေးမွေးခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများက အလှည့်ကျကျွေးမွေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)