ရွှေပြည်သာမြို့နယ်၌ နွေရာသီအင်္ဂလိပ်စာသင်တန်း (အခမဲ့)ဖွင့်လှစ်

ရွှေပြည်သာ ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊‌ ရွှေပြည်သာမြို့နယ်၌ ကလေးငယ်များနှင့် လူငယ်များ နွေရာသီတွင် အခြေခံကောင်းများရရှိထားခြင်းဖြင့် အင်္ဂလိပ်စာဘာသာရပ်ကို သင်ယူရာတွင် ပိုမိုလွယ်ကူလျှင်မြန်စွာ အထောက်အကူပြုစေရန်ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (အခမဲ့) ဖွင့်လှစ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ‌ဒေါ်မေမွန်ထွဋ်က ကျောင်းသင်ခန်းစာများအပြင် အင်္ဂလိပ်စာ၏ အခြေခံကဏ္ဍဖြစ်သော နားထောင်ခြင်း (Listening) ၊ ပြောဆိုခြင်း (Speaking) ၊ ဖတ်ရှုခြင်း (Reading) ၊ ရေးသားခြင်း (Writing) စသည့် Skill လေးမျိုးလုံးကို ပိုမိုကျွမ်းကျင်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းတွင် အင်္ဂလိပ်သဒ္ဒါနှင့် ဝါကျတည်ဆောက်ပုံများ၊ မိတ်ဆက်စကားပြောခြင်း စသည့်ဘာသာရပ်များကို နည်းပြဆရာ/ဆရာမနှစ်ဦးက သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသို့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ  ၁၇ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၃ ရက်မှ ဧပြီ  ၂၉ ရက်နေ့အထိ သင်္ကြန်ရုံးပိတ်ရက်မပါ (အခမဲ့) သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)