အာမခံအလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပ‌ဒေပါ အကျိုးခံစားခွင့်များဆိုင်ရာ အသိပညာပေးဟောပြာပွဲ ကျင်းပ

ကြို့ပင်ကောက် ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပ‌ဒေပါ အကျိုးခံစားခွင့်နှင့် လူမှုဖူလုံရေးဥပဒေ အာမခံစနစ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ဟောပြောပွဲကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာကျော်က လူမှုဖူလုံရေးကြေးပေးသွင်းနေသော အာမခံအလုပ်သမားများ၏ မကျန်းမာမှု၊ မီးဖွားမှု၊ ကိုယ်တိုင်မီးဖွားစရိတ်၊ ဖခင်ဘဝဖြစ်မှု၊ ဇနီးမီးဖွားစရိတ်၊ နာရေးစရိတ်၊ ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှု၊ ကျန်ရစ်သူပင်စင်နှင့် အမြဲတမ်းပညာသင်ကြားနေသော အာမခံအလုပ်သမားများ၏ သားသမီးများ ပညာသင်စရိတ်များကို ထောက်ပံ့ပေးလျက်ရှိကြောင်း ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူက မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ လူမှုဖူလုံရေးအာမခံစနစ်ထားရှိထားသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)