ပြည် ဧပြီ ၃
ကျောင်းသားလူငယ်မောင်မယ်များအား နွေရာသီကျောင်းပိတ်ရက်ကာလတွင် ပြင်ပဗဟုသုတရရှိစေမည့် သုတ/ရသ စာအုပ်၊ စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်း၌ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်နေသော အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ဖွံ့ဖြိုးရေး အသိပညာပေးဆွေးနွေးဟောပြောပြီး ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် နယ်လှည့်စာကြည့်တိုက် သုံးဘီးယာဉ်မှ သုတ၊ ရသ စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)