ကမာရွတ် ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက် ပေ(၅၀)လမ်းတွင် ဒုတိယဌာနမှူး (ခရိုင်/မြို့နယ်)၏ လမ်းညွှန်မှုဖြစ်သော မော်တော်ယာဉ်များ သွားလာနိုင်ရေးအတွက် လမ်းလယ်တွင် ဈေးရောင်းချမှုမရှိစေရေး ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်ရုံး ဝန်ထမ်းများ၊ လှည်းတန်းဈေးမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၅)ဦးဖြင့် စည်းကမ်းထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ စည်းကမ်းထိန်းသိမ်းဆောင်ရွက်ရာတွင် လှည်းတန်း(၆)လမ်းရှိ လမ်းဘေးဈေးသည်များ ချန်ထားရှိသော သစ်တိုသစ်စများခုံများကိုပါ အမှိုက်အဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရပါသည်။
စိမ်းလဲ့ (ပြန်ဆက်)