ကျောက်ဆည်မြို့နယ်တွင် မိုးရာသီဆီထွက်သီးနှံမျိုးစုံ (၄၀၆၃) ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဇူလှိုင် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံ စေရေး ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီဆီထွက်သီးနှံမျိုးစုံ (၇၄၈၀) ဧက လျာထား စိုက်ပျိုးလျက်ရှိရာ (၄၀၆၃) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးရာသီး ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ အဓိကထား စိုက်ပျိုးကြပြီး မြေပဲ (၉၂) ဧက၊ နှမ်း (၁၇၆၂) ဧက၊ နေကြာ (၂၂၄၅) ဧက စုစုပေါင်း (၄၀၆၃) ဧက စိုက်ပျိုးပြီးကြောင်းနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ၏ ဆီထွက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး ဒေသနှင့်ကိုက်ညီသည့် မျိုးများဖြန့်ဝေကာ နည်းပညာများ စနစ်တကျ ကူညီပေးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သီးနှံများ အောင်မြင်ရေး စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။

သက်မောင်