သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိပြီး‌ ဈေးနှုန်းအနည်းငယ်ကျဆင်း

သံတောင်ကြီး ဇူလိုင် ၂၆

ကရင်ပြည်နယ်၊  သံတောင်ကြီးဒေသသည်  တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူအများစုမှာ အသက်မွေးဝမ်းမှုအဖြစ် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော ကွမ်းရွက်၊ ကွမ်းသီး၊ မင်းကွတ်သီး၊ ဒညှင်းသီး၊ ဖာလာ၊ ကော်ဖီ စသည်တို့ကို အဓိကလုပ်ကိုင်လျက်ရှိရာ  ဒူးရင်းသီး စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်၍ ယခုဇူလိုင်လ နောက်ဆုံးပတ်တွင် ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိသည့်အတွက် ဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်း သိရသည်။

အဆိုပါ သံတောင်ကြီးဒေသတွင်စိုက်ပျိုးသည့်  တော်ပေါ်ဒူးရင်းသီးများကို  မိမိတို့ ဉယျာဉ်ခြံများတွင်လည်းကောင်း  အိမ်ပတ်ဝန်းကျင်ရှိ  မြေလွတ်နေရာများတွင် လည်းကောင်း  တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြသည်။ သံတောင်ကြီးဒေသထွက်   ဒူးရင်းသီးများပေါ်ဦးပေါ်စတွင် အရွယ်အစားပေါ်မူတည်၍  တစ်လုံးလျှင်ကျပ် (၆၀၀၀) မှ  ကျပ် (၁၂၀၀၀) အထိ  ဈေးကောင်းရှိသော်လည်း ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိချိန်တွင် အရွယ်အစားအပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် (၄၀၀၀) မှ ကျပ် (၈၀၀၀) အထိသာရရှိကြောင်း  ဒူးရင်းသီး ရောင်းဝယ်လုပ်ကိုင်သူ  ဦးစောသာဝါးထံက သိရှိရသည်။

နော်နော်မူ