မူဆယ် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယမန်နေ့ မွှန်းလွဲ (၁:၀၀) နာရီအချိန်က မူဆယ်(၁၀၅) မိုင်ကြက်ခြေနီ အသင်းအဖွဲ့များထံသို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ ပေါက်ဖော်ပြည်ဝင်ပြည်ထွက် ဂိတ်ပြောဆိုကြေညာသည့် ချစ်ကြည်ရေးအဖွဲ့က ခြင်အန္တရာယ်နှင့်ပက်သက်၍ သွေးလွန် တုပ်ကွေးရောဂါ ချီကန်ဂန်ညာ (ဆင်တုပ်ကွေး)ရောဂါ ဇီကာ(Zika Virus)ရောဂါ ဖြစ်ခြင်းများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖြန်းဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ပေးအပ်လှူဒါန်းရာတွင် ခြင်ဆေးဖြန်ဗူး(၁၅)ဖာ၊ ခြင်ဆေးဖြန်းစက် (၂)လုံးနှင့် ခြင်ဆေး ဖြန်းဆေးမှုန့် (၂၀)ဖာတရုတ်ငွေတန်ဖိုး(၂၇၀၀၀)ယွမ် တန်ဖိုးကို မူဆယ်(၁၀၅)မိုင် ကြက်ခြေနီ အသင်းအဖွဲ့များက လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး မူဆယ်(၁၀၅)မိုင်ရှိကျောင်းများ တွင် ခြင်ဆေး ပက်ဖြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မူဆယ် ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးနှင့်တရုတ်နိုင်ငံ၊ ရွှေလီမြို့ ပေါက်ဖော်ပြည်ဝင်ပြည်ထွက် ဂိတ်အဖွဲ့တစ်ဦးကလည်း ခြင်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မူဆယ်(၁၀၅)မိုင် ကျောင်းရှိ ကျောင်းသူ/သားများကို အသိပညာပေးဟောပြောခဲ့ပြီး လူတိုင်းသွက်လက်စွာ ရေစုရေအိုင်ရှင်းထုတ်၍ ခြင်နှိမ်နင်းခြင်းဖြင့်သွေးလွန်တုပ်ကွေးရောဂါ ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ရောဂါ ဇီကာ(Zika Virus)ရောဂါတို့ကို ကာကွယ်ကြစို့ လက်ကမ်းစာစောင်များအား ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)