တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ် ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၄) ခရိုင် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသည့် ထားဝယ်ခရိုင်အသင်းနှင့် မြိတ်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်ခရိုင်အသင်း က (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပွဲစဉ်တစ်လျှောက် အကူအညီပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက (ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးအကောင်းဆုံး နှင့်ပွဲစဉ်တစ်လျှောက် အကောင်းဆုံး) အားကစားသမားဆုရရှိသူများအား ဆုချီးမြှင့်၍ ပထမဆုနှင့်ဒုတိယ ဆုရရှိသော အသင်းများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပထမဆုရရှိသော ထားဝယ်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့််ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)