နမ္မတူမြို့နယ် အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ Unique ID နံပါတ်စာရွက်များ ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

နမ္မတူ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ Unique ID နံပါတ်စာရွက်များထုတ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်နှင့် ဝန်ထမ်းများက အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ၊ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူရန်ကျန်ရှိသည့် နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များအား တစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာ အချက်အလက်များကောက်ယူ၍ QR Code ပါပြီး ဂဏန်း ၁၀ လုံးပါသည့် Unique ID နံပါတ်စာရွက်များ ထုတ်ပေးလျက်ရှိသည်။

နမ္မတူမြို့နယ်တွင် ဇူလိုင်လ(၃)ရက်နေ့မှစတင်ကာ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၂၆)ရက်နေ့အထိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း ၆၇၀ ဦးနှင့် စက်ရုံအလုပ်ရုံတို့ရှိ ပြည်သူ ၂၅၉ ဦး၊ စုစုပေါင်းပြည်သူ ၉၂၉ ဦးတို့အား ဇီဝဆိုင်ရာ အချက်အလက်များကောက်ယူ၍ တစ်ဦးချင်းစီ၏ Unique ID နံပါတ်စာရွက်များ ထုတ်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်ထံက သိရသည်။

လူမော်(ပြန်/ဆက်)