ဇေယျာသီရိ ဇူလိုင် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ နေပြည်တော် ဆီကုန်သည်အသင်း ဝင်များဖြင့်ပူးပေါင်း၍ ဇေယျာသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ စားသုံးဆီတစ်ပိဿာ လျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် ယနေ့နံနက်ပိုင်းတွင် ရောင်းချပေးလျက် ရှိသည်။
အဆိုပါရောင်းချမှုတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စောမာလာနွယ်ဦးဆောင်၍ နေပြည်တော်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဇေယျာသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ စားသုံးဆီများဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် သက်နှင်းအင်းကျေးရွာအုပ်စု၊ သက်နှင်းအင်း ကျေးရွာနှင့် သစ်တပ်ကလေးကျေးရွာရှိပြည်သူများအား စားသုံးဆီတစ်ပိဿာ ၄၅၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၈၃၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ဇေယျာမြေ)