နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် Gmail, Email အသုံးပြုနည်းသင်တန်းဖွင့်လှစ်

နတ်မောက် ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံ သုံးခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Clubတို့ ပူးပေါင်း၍ Gmail, Email  အသုံးပြု နည်းသင်တန်း ကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် ဦးစီးအရာရှိက အီးမေးလ်သည် အလုပ်အတွက်ရော၊ ကိုယ်ရေးကိုယ်တာ နေ့စဉ်ဘဝအတွက်ရေ ပိုမိုလိုအပ်ပါ ကြောင်း၊  အီးမေးလ် Email   ၏အဓိက အချက်များကတော့ အီးမေးလ် Email  က ဒီဂျစ်တယ်စာတို တွေနဲ့ ဒီဂျစ်တယ်စာရွက်စာတမ်းများကို ပေးပို့ခြင်း၊ လက်ခံခြင်းများပြလုပ်နိုင်ပါကြောင်း၊  အီးမေးလ် သည် လုပ်ငန်းများအတွက် အဓိကအသုံးဝင်ရုံ  တင်မက အွန်လိုင်းဝန်ဆောင်မှုများအတွက်လည်း လိုအပ်ပါကြောင်း၊  အီးမေးလ်အတွက် စာရင်းသွင်းခြင်းက လွယ်ကူပြီး အခမဲ့ရရှိနိုင်တဲ့ ရွေးချယ်မှုများ ရှိပါကြောင်း၊ အီးမေးလ်သည် အင်တာနက်မှတစ်ဆင့် အီးမေးလ် လိပ်စာကို အသုံးပြုပြီး မိမိပို့ပေး ချင်တဲ့သူဆီကို  စာရွက်စာတမ်းများကို ပုံမှန်စာပေးပို့သလို ဒီဂျစ်တယ် စာရွက်စာတမ်းများကိုလည်း အီးမေးလ်ထဲမှာ ပူးတွဲပေးပို့နိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် Gmail, Email  အသုံးပြု နည်းသင်တန်းသို့ တက်ရောက်လာကြသည့် လူငယ်များမှ စာတွေ့လက်တွေ့မျာကို သင်ယူခဲ့ကြပြီး  မိမိသိလိုသည်များကို အပြန်အလှန်မေးမြန်း၍ သင်ယူခဲ့ကြကြောင်း သိရသည်။

လှဝင်း