မောက်မယ် ဇူလိုင် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်၆နာရီခွဲက အဆိုပါကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ ပင့်ဖိတ်ထားသော ကွန်ကျိုင်းကျောင်းဆရာတော်ထံသို့ ကျောင်းအုပ် ဆရာကြီးဦးစိုင်းအောင်ထွေးနှင့် ဆရာ/ဆရာမများ၊ မိဘဆရာအသင်းနှင့်ကျောင်း အကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတို့က အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကာ နမောတဿ သုံးကြိမ် ရိတ်ဆိုပူဇော်၍ ငါးပါးသီလခံယူတည်ဆောက်ကြပြီး ကွန်ကျိုင်း ကျောင်းဆရာတော်က ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ပြီးနောက် ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယနေ့နွနက်၉နာရီတွင် ကျောင်းသား/ကျောင်းသူ လေးများက “မြတ်ဆရာ” သီချင်းဖြင့်သီဆို ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်နှင့် ကွန်ကျိုင်းရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြင့်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အ.မ.က(ကွန်ကျိုင်း)ကျောင်းအုပ်ဆရာကြီး ဦးစိုင်းအောင်ထွေးက ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာ ထူးချွန်ရေးတို့အတွက် မိမိတို့ပညာရေးဌာန ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ပညာသင်နှစ် KG ကျောင်းသား/ကျောင်းသူလေးများတို့အား KG ပြီးဆုံးကြောင်း လက်မှတ်နှင့် ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူလေးများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် သီဆိုဖျော်ဖြေကပြခဲ့ကြပြီး အခမ်းအနား အားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)