ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေများပေးနေသည့် စော်ဘွား(က)မြောင်း ရေရှည်ကြံ့ခိုင်ရေးနှင့် စိုက်ပျိုးရေများလေလွင့်ဆုံးရှုံးမှုမရှိစေရေး ရေသွယ်လျောက်တစ်ခုအား ပြန်လည်ပြုပြင်

ကျောက်ဆည် ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျေက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြောင်းများကြံ့ခိုင်ရေးနှင့် စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ စိုက်ပျိုးရေများပေးဝေနေသည့် စော်ဘွား(က)မြောင်း ရေရှည်ကြံ့ခိုင်ရေးနှင့် စိုက်ပျိုးရေများလေလွင့်ဆုံးရှုံးမှုမရှိစေရေး ရေသွယ်လျောက်တစ်ခုအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေသွယ်လျောက်သည် ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာအနီး စော်ဘွား(က)မြောင်း၏ ပေတိုင်အမှတ်(၃+၀၅၀)တွင် တည်ရှိ၍ နှစ်ကာလကြာမြင့်ပြီး မပြုပြင်သည့်အတွက် ရေသွယ်လျောက်၏ အထက်ပိုင်းနှင့်အောက်ပိုင်း ကျောက်စီမြေထိန်းနံရံများ ပျက်စီးလျက်ရှိကာ စိုက်ပျိုးရေများ ပေးဝေရာတွင်လည်း ရေလေလွင့်ဆုံးရှုံးများဖြစ်ပေါ်လျက်ရှိပြီး မြောင်ဘောင်များပျက်စီးသည့် အနေအထားတွင်ရှိသောကြောင့် ပြန်လည်ပြုပြင်ရခြင်းဖြစ်ကြောင်းနှင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို  မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(၁၈.၇၅၀)ကျပ်သန်း အကုန်အကျခံကာ ရေသွယ်လျောက်၏ အထက်ပိုင်း ကျောက်မြေထိန်းနံရံ အရှည် ပေ(၂၀)၊ အမြင့်(၄)ပေ၊ အကျယ်(၁.၅)ပေ၊ အောက်ပိုင်းမြေထိန်းနံရံ အရှည်ပေ(၃၀)၊ အမြင့်(၄)ပေ၊ အကျယ် (၁.၅)ပေနှင့် ကျောက်ဆလံ ပေ(၂၀)တို့အား ကျောက်သားများဖြင့် ပြန်လည်ပြုပြင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စော်ဘွား(က)မြောင်း ရေရှည်ကြံ့ခိုင်ရေးနှင့်စိုက်ပျိုးရေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ရေသွယ်လျောက် ပြန်လည်ပြုပြင်ပေးခြင်းကြောင့် အဆိုပါမြောင်းရေသောက် ဒေသခံတောင်သူများ၏ သီးနှံမျိုးစုံ(၇၁၃)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် မြောင်းအဆုံးမှမြောင်းအဖျားမှ သီးနှံစိုက်ခင်းများအထိ ရေအလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာဖြင့် သီးနှံများအောင်မြင်စွာ လိုအပ်သည့်ရေပမာဏ ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)