ပင်လောင်း ဇူလိုင် ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား၊ အငယ်စားနှင့်အလတ်တန်းစား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်လောင်းကြီကျေးရွာအုပ်စုနှင့် ပင်မွန်းကျေးရွာအုပ်စုတွင် ယမန်နေ့က ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်သွားမည့် စီမံကိန်းများသည် အသေးစား၊ အငယ်စားနှင့်အလတ်တန်းစား စီးပွားရေးပေါ်ထွန်းလာစေရေးနှင့် ဘိန်းစိုက်ပျိုးမှု အစားထိုးလုပ်ငန်းများဖြင့် ဒေသကိုက်ညီမှုရှိသည့် တန်းဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများ၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာများ၊ လက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းများ၊ စက်မှုစက်ပြင်နှင့် လျှပ်စစ်သွယ်တန်းခြင်း နည်းပညာသင်တန်းများ၊ ရက်ကန်းပညာသင်တန်းများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီမှုရှိသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးနှင့် ဒေသခံပြည်သူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် ဝန်ထမ်းများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးနှင့်ဝန်ထမ်းများက မြို့ပေါ်ရှိ အသေးစား၊ အငယ်စားနှင့်အလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းလိုင်စင် မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စားသောက်ကုန် ထုတ်လုပ်မှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်