မော်လမြိုင် ဇူလိုင် ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သဘင်အစည်းအရုံး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ၄၂ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သဘင်အစည်းအရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကာ ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဆန်းလင်းက သက်ကြီးပူဇော်ပွဲကျင်းပရခြင်း၏ ဝမ်းမြောက်ပီတိစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆိုင်း/ပတ္တလား၌ ရွှေတံဆိပ်ဆုရရှိခဲ့သော မနွေးနွေးထက်က ဖျော်ဖြေတက်ဆက်ပြီး သက်ကြီးသဘင်ပညာရှင် ၅၄ ဦးအား တစ်ဦးလျင် ငါးသောင်းနှုန်းဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။
ထို့နောက် သက်ကြီးသဘင်ပညာရှင်တစ်ဦးက ဩဝါဒဆုတောင်းစကားများ ပြန်လည်ပြောကြားခဲ့ပြီး ဆိုင်းအဖွဲ့များက ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)