ကာလိမြို့ အ-လ-က(ကျိုင်းလွန်း)ကျောင်းတွင် မြတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကာလိ ဇူလိုင် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ အခြေခံပညာအလယ်တန်း(ကျိုင်းလွန်း)ကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်း တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး ဆရာတော် အရှင်ဥတ္တလမှ ငါးပါးသီလခံယူဆောက်တည်ကြပါသည်။ ဆက်လက်၍ ကာလိမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းမှ ပင့်သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ပေးကြပြီး ဆရာတော် သံဃာတော်များအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော် အရှင်ဥတ္တလက ဝါဆိုမြတ်သင်္ကန်းကပ်လှူရခြင်း အကျိုးတရားတော်များကို ချီးမြှင့်ဟောကြားပေး၍ ကုသိုလ်များကို ရေစက်ချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းကြပြီး ကြွရောက်လာကြသည့် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ အ-မ-က(ကျိုင်းလွန်း) ပညာရေးမိသားစုက မြတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)