လားရှိုး ဇူလိုင် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပုညဝဎနဆွမ်းအလှူရှင်များမှ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲကို ယနေ့ နံနက်ပိုင်းက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူလေးများက ငါးပါးသီလဆောက်တည် ကာ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း အတွက် အလှူတော်ငွေ ဆယ့်တစ်သိန်းငါးသောင်းကျပ်ကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက် လာသော သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ် များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဝါဆိုသင်္ကန်းကပ်လှူပွဲကို ကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်းအတွက် ဆွမ်းအလှူရှင် ၃၅၀ ဦး၏ စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ အလှူရှင်များ၏ တစ်လလျှင် လစဉ်လတိုင်း ပုံမှန်လှူဒါန်းငွေမှာ (၁၄)သိန်းကျော် ရှိကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)