မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှုရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့သစ်မြို့ သာလေးသာသမိုင်းဝင်လှိုင်နံ့သာစေတီတော်ပရဝူဏ်အတွင်း “ဓမ္မပါလ” ဗိမ္မမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့၊ ရဲစခန်းမိသားစု စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ

ဝါတွင်းကာလသို့ ရောက်ရှိပြီဖြစ်၍ မြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့ရဲစခန်းမှူး ဦးဝင်းမြင့် ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက် (၉း၃၀) အချိန်က ရဲစခန်းမိသားစုများ စုပေါင်း၍ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြပါသည်။

နောင်ချိုမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုလပြည့်နေ့၌ ဥပုသ်သီတင်း သီလဆောက်တည်ကြသူများဖြင့် စည်ကား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူး နေ့မြတ်ဖြစ်သည်နှင့်အညီ ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဘုရာစေတီ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူသူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆပ်ကပ်လှူဒါန်းသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် သက်နှင်းအင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သက်နှင်းကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပခဲ့သည်။

တာမိုးညဲမြို့ ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့တွင် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၁၀:၀၀) နာရီက တာမိုးညဲမြို့ရှိ ဝေယံဘုံသာကျောင်းတိုက်၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

ကျိုက်မရောအကျဥ်းထောင်မှ အကျဥ်းသား(၉၆ )ဦး လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သော ဓမ္မစကြာအခါတော်နေ့ ဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အားဖြင့် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ကျိုက်မရောမြို့ အကျဥ်းထောင်မှ အကျဥ်းသား ၉၆ ဦးတို့အား ယမန်နေ့နေ့လယ်ပိုင်းက လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့၌ ဝါဆိုလပြည့်(ဓမ္မစကြာ) အခါတော်နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်ပုမြို့၌ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့တွင် မြို့ပေါ်ရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်းတိုက်အသီးသီး၌ ဥပုသ်သီလဆောက် တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘဝါနာများ ကျင့်ကြံအားထုတ်သူများနှင့် ဥပုသ်သီလဆောက်တည်ခြင်းပြုလုပ်သူများဖြင့်စည်ကားလျက်ရှိသည်။

 မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်းတွင် ကွန်ပျူတာ (အထူးပြု) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်းမှ ကွန်ပျူတာ (အထူးပြု) သင်တန်း အမှတ်စဉ် (၅၃/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် အမျိုးသမီးများ အပိုဝင်ငွေရရှိရေး ပန်းစိုက်ပျိုးရောင်းချနိုင်ရေးအတွက် အမျိုးသမီးရေးရာအဖွဲ့များ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အမျိုးသမီးများ အပိုဝင်ငွေရရှိရေးအတွက် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယမန်နေ့က တောင်သူ ဦးညီစန်းဝင်း စိုက်ပျိုးထားသော ပန်းထိမ်မနိုင် ပန်းစိုက်ခင်းသို့ ယမန်နေ့ သွားရောက် ကွင်းဆင်းခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ တန်ဖိုးမြင့် အာဟာရမြက်များ စိုက်ပျိုးလာ

ပျော်ဘွယ်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော တောင်သူများသည် ဒေသတွင်း နွားစာများကို စိုက်ပျိုးလျက်ရှိရာမှ တန်ဖိုးမြင့် အာဟာရ မြက်မျိုးဖြစ်သည့် နေဗီယာမွန်ဘားစားကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်း သိရသည်။
Subscribe to