ကွတ်ခိုင်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၃၇၅)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်

ကွတ်ခိုင်        ဩဂုတ်   ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ အတွင်း နေထိုင်လျက်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့နံနက်(၁၁) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများအတွင်း နေထိုင်လျက်ရှိသော အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား (၃၇၅) ဦးအတွက် လူမှုရေးပင်စင်ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ဥက္ကဋ္ဌများနှင့် စာရေးများထံသို့ ပေးအပ်ခဲ့ပြီး ၎င်းတို့မှတစ်ဆင့် လူမှုရေးပင်စင်ငွေများကို သက်ကြီးဘိုးဘွားများ နေထိုင်ရာရပ်ကွက်/ကျေးရွာများတွင် လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်လျက်ရှိကြောင်းသိရ သည်။

အဆိုပါထောက်ပံ့ငွေသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်လ)အတွက် ဖြစ် ကြောင်းနှင့်သက်ကြီးဘိုးဘွားတစ်ဦးလျှင်ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်နှုန်းဖြင့် သက်ကြီးဘိုးဘွား (၃၇၅)ဦး အတွက် ငွေကျပ် ၁၁,၂၅၀,၀၀၀/- ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာ ရှိ ဒေါ်အေးမင်းမင်းစံထံမှ သိရှိရသည်။

ကွတ်ခိုင် (ပြန်/ဆက်)