ဘိုကလေးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စာသင်ကျောင်းခြံစည်းရိုးနှင့် လူနေအိမ် (၁) လုံးပျက်စီး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သဇင်ငူကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ယနေ့ ညနေ(၄)နာရီ အချိန်ခန့်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်ပြိုလဲကာ ပိုင်ရှင် ဦးကျော်သူ၏ အလျား(၁၅)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၃)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ပျက်စီးနေအိမ်မှ မိသားစုဝင် များအား ကျေးရွာတာဝန်ရှိသူများမှ နီးစပ်ရာဆွေမျိုးများ ထံတွင် ခေတ္တ နေထိုင် ရန် စီစဉ်ဆောင်ရွက်ထားရှိပေးခဲ့ကြောင်း သိရသည်။