အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိအောင် ခေါင်းဆောင်ကြိုးပမ်းခဲ့သူ Lokmanya Bal Gangadhar Tilak ၏ ၁၀၃ နှစ်မြောက် ကွယ်လွန်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၆၅လမ်း ၁၀၂လမ်းနှင့် ၁၀၃လမ်းကြားရှိ အိန္ဒိယ ကောင်စစ်ဝန်ရုံးတွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိအောင် ခေါင်းဆောင်ကြိုးပမ်းခဲ့သူ Lokmanya Bal Gangadhar Tilak ၏ ၁၀၃ နှစ်မြောက် ကွယ်လွန်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။