လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏အန္တရာယ် ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့  နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

မိတ္ထီလာအကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား အကျဉ်းသူ (၇၁) ဦးအား လွှတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား အကျဉ်းသူ (၇၁) ဦးကို ယမန်နေ့   မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိ  အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့ ကစ္ဆပနဒီခန်းမ၌ ဌာနဆိုင်ရာစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်း အနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ဌာနဆိုင်ရာစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမအတွင်း စုပေါင်းဆင်ယင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ် အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဩဂုတ် (၂) ရက် နံနက် (၁၀) နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဘုရားဖူးများ စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြှော်

မန္တလေးတိုင်ဒေသကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရက်ကောင်း ရက်မြတ်ဖြစ်တဲ့ ဩဂုတ်လ (၁) ရက်နေ့ ဝါဆိုလပြည့်နေ့မှာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ အသားနှင့် အခြားဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများအား ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ(မြို့မ)ဈေးရှေ့၌ သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့သည်။

လောင်းလုံးမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ဌာနဆိုင်ရာများ စုပေါင်းပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပသည်။

ဟင်္သာတမြို့အကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ် (၅၁/၂၀၂၃) ဖြင့် အကျဥ်းသားအကျဥ်းသူ (၁၉၈) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ အကျဉ်းဦးစီးဌာနရှိ ဟင်္သာတ အကျဉ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၅၁/၂၀၂၃) အရ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ အကျဉ်းသား/သူများအား လွှတ်ပေးသည့်အခမ်းအနားကို ယနေ့ နေ့လယ် ၁နာရီက အဆိုပါအကျဥ်းထောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့်စည်ကား

ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်ကို‌ တွေ့ရသည်။
Subscribe to