ရပ်စောက်မြို့ မြို့မဈေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရပ်စောက်  ဩဂုတ်  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်မြို့၊ မြို့မဈေး သမဝါယမအသင်း လီမိတက်၏ (၂၀၂၁-၂၀၂၊ ၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ် ၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီက ရဿဝတီခန်းမ၌ ကျင်းပသည်။

ဦးစွာ အစည်းအဝေးသဘာပတိ ဦးမြင့်သိန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်တို့က အမှာစကားပြောကြားပြီးနောက် ဒါရိုက်တာအဖွဲ့၏ ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမြတ်ခွဲဝေမှု စာရင်းများကို ဖတ်ကြား တင်ပြခြင်း၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ၊ အမြတ်ခွဲဝေမှု စာရင်း နှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊  ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုခြင်း၊ အသင်းစည်းကမ်းများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသင်းသားများ၏ အကြံပေးမေးမြန်းချက်များအား ပြန်လည်ဖြေကြား ရှင်းလင်းချက်များပြုလုပ်ခဲ့ကြသည်။

ရပ်စောက်မြို့၊ မြို့မဈေးသမဝါယမအသင်းလီမိတက်၏(၂၀၂၁-၂၀၂၊ ၂၀၂၂-၂၀၂၃) ဘဏ္ဍာ ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်သည့်အသင်းသားများကို  အစည်း အဝေးစရိတ်နှင့် ထောက်ပံ့စရိတ်ငွေကျပ်(၆၃.၁၂)သိန်း၊ အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးငွေကျပ်(၃၄၀)သိန်းတို့ကို အသင်းသားဦးရေ(၅၂၆)ဦးအား ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ် သမဝါယမအသင်း လီမိတက်တာဝန်ခံထံမှ သိရသည်။

ဆုမွန်