ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကိုဇန်နဝါရီ ၂၅ ရက် (ယနေ့)တွင် ကျင်းပပြုလုပ်ရာ နံနက် ၆ နာရီမှ စတင်၍ သက်ဆိုင်ရာ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရာ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မဲရုံများတွင် ယနေ့နံနက် (၆) နာရီမှ စတင်၍ မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိသည်။

ဒလမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာမဲရုံများတွင် ယနေ့နံနက် (၆)နာရီအချိန်က စတင်၍ မဲရုံများစတင်ဖွင့်လှစ်ခဲ့ပြီး မဲရုံများတွင် ဆန္ဒမဲပေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ‌ ဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများ‌အနေဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာလာ‌ရောက်ဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယ‌နေ့ နံနက် ၆ နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ သတ်မှတ်မဲရုံအသီးသီးတွင် ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။

ညောင်ရွှေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီမှစတင်၍ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ တစ်ပြိုင်နက်တည်း ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက လာရောက်၍ အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။

ကာမိုင်းမြိုအတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများမှ စိတ်ပါဝင်စားစွာ ဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ယနေ့နံနက် (၆) နာရီမှ စတင်ကာ မဲဆန္ဒရှင်ပြည်သူများမှ စိတ်ပါဝင်စားစွာဖြင့် ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

မက်မန်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တတိယအပိုင်း (အပိုင်း-၃) ကို မက်မန်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ သက်ဆိုင်ရာမဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် မဲပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ လူငယ်များ တက်ကြွစွာဖြင့် ပါဝင်မဲပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ​​ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)အား ယနေ့နံနက်(၆)နာရီမှ စတင်၍ မြို့နယ်တွင်းရှိ မဲရုံ(၁၆၄)ရုံ​၌ကျင်းပဆောင်ရွက်လျက်ရှိသည်။

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို နိုင်ငံတစ်ဝန်းရှိမြို့နယ်များတွင် ယနေ့နံနက် ၆ နာရီမှ စတင်၍ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မဲရုံအသီးသီးတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မိမိတို့၏ သဘောဆန္ဒအလျောက် နိုင်ငံသားပီသစွာ ဆန္ဒမဲလာရောက်ပေးလျက်ရှိသည်။
Subscribe to